Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ် ကြာအင်းစုစည်း(၂)ကျေးရွာ၌ ရေပေးရေးလုပ်ငန်းဆောင်ရွက်မှုအား ခရိုင်ဦးစီးမှူး မှ ကွင်းဆင်းစစ်ဆေး( (၂၁.၆.၂၀၂၄)ရက်နေ့ မြို့တော်သတင်းစာ၊)

21 June 24

မိုးကောင်းမြို့နယ် ကြာအင်းစုစည်း(၂)ကျေးရွာ၌ ရေပေးရေးလုပ်ငန်းဆောင်ရွက်မှုအား ခရိုင်ဦးစီးမှူး မှ ကွင်းဆင်းစစ်ဆေး( (၂၁.၆.၂၀၂၄)ရက်နေ့ မြို့တော်သတင်းစာ၊)  

မိုးကောင်း၊ ဇွန် ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကြာအင်းစုစည်း(၂)ကျေးရွာ၌​ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ဇွန်လ ၁၉  ရက်နေ့ကကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းတို့မှကွင်းဆင်းစစ်ဆေးခဲ့ကြရာ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ရှင်းလင်းတင်ပြရာ အဆိုပါတင်ပြမှုအပေါ် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားခဲ့သည်။

အဆိုပါကြာအင်းစုစည်း(၂)ကျေးရွာတွင်နက်တူးဖော်ခြင်း နှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့်

ဂါလံ ၂၄၀၀ ဆံ့ ကွန်ကရစ်ရေစင်(၁)ခု၊ ရေစက်ရုံ(၁)ခုနှင့် နှစ်လက်မရေပိုက်လိုင်း ၃၀၀၀ ပေသွယ်တန်းခြင်း လုပ်ငန်းကို၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၃၅ ဒသမ ၅၉၅ သန်းဖြင့် ဌာနမှတာဝန်ယူ၍ဇွန်လ ၁၂ ရက်နေ့တွင်လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၃၀%ခန့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

 (၂၁.၆.၂၀၂၄)ရက်နေ့ မြို့တော်သတင်းစာ၊စာမျက်နှာ(၈)၊ကော်လံ(၃/၄)တွင်ပါရှိသည်။