မိုးညှင်းမြို့နယ် ဆင်ဘိုကုန်းကျေးရွာဘက်စုံသုံးခန်းမဆောင်တည်ဆောက်ရန်ပန္နက်တင် မင်္ဂလာအခမ်း အနားကျင်းပ (၂၆.၆.၂၀၂၄)ရက်နေ့မြဝတီရုပ်သံသတင်း
မိုးညှင်း၊ဇွန် ၂၆
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDPဖြင့် ကျေးရွာဘက်စုံသုံးခန်းမဆောင်တည်ဆောက်ရန်အတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဆင်ဘိုကုန်းကျေးရွာတွင်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူးဦးထွန်းထွန်းဝင်း မြို့နယ်ဦးစီးမှူး၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစီမံကိန်းတာဝန်ခံတို့ကသတ်မှတ်နေရာများမှာ မင်္ဂလာပန္နက်ရိုက်ကြပြီးနောက် အမွှေးနံ့သာရည်များပက်ဖျန်းကြကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါကျေးရွာဘက်စုံသုံးခန်းမဆောင်ကို ၂၀၂၀၄−၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDPဖြင့် ငွေကျပ်သိန်း ၁၅၀ နှင့်ပြည်သူလူထုထည့်ဝင်ငွေကျပ်သိန်း ၁၀၀ စုစုပေါင်း ငွေကျပ်သိန်း ၂၅၀ ဖြင့် အလျားပေ ၄၀၊ အနံ ၂၄ ပေ နှင့် အမြင့် ၁၅ ပေရှိ အုတ်ညှပ်မြေစိုက် နံကပ် တစ်ထပ်အမျိုးအစား ကျေးရွာဘက်စုံသုံးခန်းမဆောင်ကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
(၂၆.၆.၂၀၂၄)ရက်နေ့မြဝတီရုပ်သံသတင်း