Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်အုန်းဘောင်ကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းပြုလုပ်(၂၄.၆.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ

24 June 24

မိုးကောင်းမြို့နယ်အုန်းဘောင်ကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းပြုလုပ်(၂၄.၆.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ

မိုးကောင်း၊ဇွန် ၂၂

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း နှင့်ကျေးရွာကော်မတီဖွဲ့ စည်းခြင်းကို ဇွန် 22 ရက်နံနက်ပိုင်းက အုန်းဘောင်ကျေးရွာအုပ်စု၊အုန်းဘောင်ကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း ကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ၏ရည်ရွယ်ချက်များ၊ အကျိုး ကျေးဇူးများ၊ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊အကျုံးဝင်သောလုပ်ငန်းများ နှင့်ကျေးလက်ဒေသဖွံ့ဖြိုး ရေး ဉပဒေတွင်ပါရှိသော ကျေးရွာသူ/သားများလိုက်နာရမည့်တာဝန်နှင့်ရပိုင်ခွင့် များကိုရှင်းလင်း ပြောကြားသည်။

ဆက်လက်၍စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများကစီမံကိန်းလက်စွဲစာစောင်ပါကျေးရွာကော်မတီဝင်ရွေး ချယ်မှုသတ်မှတ်ချက်များ၊ စီမံကိန်းကော်မတီဝင်များ၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦးကို ကျေးရွာသူ/သားများ၏ အများသဘောဆန္ဒနှင့် အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းကို ကျေးရွာလူထုက ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါအုန်းဘောင်ကျေးရွာတွင်ယခုဘဏ္ဍာနှစ်အတွင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ်သိန်း ၁၅၀၊ကျေးရွာလူထုထည့်ဝင်ငွေတို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနည်းပညာပံ့ပိုးကာ ကျေးရွာသူ/သားများကိုယ်တိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း ထံမှသိရသည်။

(၂၄.၆.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ စာမျက်နှာ(၅)၊ကော်လံ(၁/၂)တွင်ပါရှိသည်။