မိုးကောင်းမြို့နယ်ရွာသစ်ကုန်းကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းပြုလုပ်
မိုးကောင်း၊ဇွန် ၁၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း နှင့်ကျေးရွာကော်မတီဖွဲ့ စည်းခြင်းကို ဇွန် ၁၇ ရက်နံနက်ပိုင်းက ပင့်သာကျေးရွာအုပ်စု၊ရွာသစ်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း ကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ၏ရည်ရွယ်ချက်များ၊ အကျိုး ကျေးဇူးများ၊ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊အကျုံးဝင်သောလုပ်ငန်းများ နှင့်ကျေးလက်ဒေသဖွံ့ဖြိုး ရေး ဉပဒေတွင်ပါရှိသော ကျေးရွာသူ/သားများလိုက်နာရမည့်တာဝန်နှင့်ရပိုင်ခွင့် များကိုရှင်းလင်း ပြောကြားသည်။
ဆက်လက်၍စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများကစီမံကိန်းလက်စွဲစာစောင်ပါကျေးရွာကော်မတီဝင်ရွေး ချယ်မှုသတ်မှတ်ချက်များ၊ စီမံကိန်းကော်မတီဝင်များ၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦးကို ကျေးရွာသူ/သားများ၏ အများသဘောဆန္ဒနှင့် အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းကို ကျေးရွာလူထုက ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါရွာသစ်ကုန်းကျေးရွာတွင်ယခုဘဏ္ဍာနှစ်အတွင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ်သိန်း ၁၅၀၊ကျေးရွာလူထုထည့်ဝင်ငွေတို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနည်းပညာပံ့ပိုးကာ ကျေးရွာသူ/သားများကိုယ်တိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း ထံမှသိရသည်။
(၁၉.၆.၂၀၂၄)ရက်နေ့ထုတ်ရတနာပုံသတင်းစာ စာမျက်နှာ(၂၃)၊ကော်လံ(၅/၆)တွင်ပါရှိသည်။