ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ရွာသစ်+တောဒီကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ၅၀%ဖြင့် ၈၅၀'×၄'×၆ ကွန်ကရစ်လမ်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းအမျိုးအစားအလိုက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ၁.၇.၂၀၂၄ရက် နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။