Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ထားဝယ်မြို့နယ် အလယ်ကုန်းကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်းဖောက်လုပ်နေမှု စစ်ဆေး

26 June 24

ထားဝယ် ဇွန် ၂၆ ရက်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဠာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ကနိုင်းဒါကျေးရွာအုပ်စု၊ အလယ်ကုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း လမ်းဖောက်လုပ်နေမှုကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးသီ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သာသာရည်နှင့်တာဝန်ရှိသူများက ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ အလယ်ကုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းနှင့်ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးသီက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးရေးဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။ အလယ်ကုန်းကျေးရွာ၌ ကုန်ထုတ်လမ်းအရှည် ၊ (၀/၄)မိုင်အကျယ် ၁၂ ပေ ၊ ကျောက်ရောမြေ အမြင့် နှစ်ပေ၊ မြေနီကျောက်စရစ် အမြင့် ကိုးလက်မခင်းခြင်းနှင့် အဆိုပါလမ်းပေါ် ရှိ Box Culvert နှစ် စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၆၅ သန်းဖြင့် တင်ဒါအောင်မြင် သည့် ရှိုင်းသီရိဖြိုးကုမ္ပဏီက ၂၀၂၄ နှစ် ဇွန်လ ပထမအပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါအခါလုပ်ငန်းများ ၆၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါကအလယ်ကုန်းကျေးရွာရှိဒေသခံတောင်သူများ၏ သွားလာရေးအဆင်ပြေချောမွေ့လာမည့်အပြင် ဒေသမှထွက်ရှိသော လယ်ယာထွက်ကုန်ပစ္စည်းများကို စျေးကွက်သို့ လွယ်ကူလျင်မြန်စွာသယ် ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ အလယ်ကုန်းကျေးရွာရှိ ကျေး လက်နေပြည်သူများဝင်ငွေတိုးပွါးစေရန်ရည်ရွယ်၍ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အမျိုးသမီး အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ပို့ချနေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ပြောပြ၍ သိရသည်။