Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သရက်ချောင်းမြို့နယ် လဘကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး စစ်ဆေး

25 June 24

         တနင်္သာရီတိုင်းဒေသကြီး ၊သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် လဘကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရေး ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် တာဝန်ရှိသူများက ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ လဘကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          သရက်ချောင်းမြို့နယ် လဘကျေးရွာ၌ ကုန်ထုတ်လမ်းအရှည်‌ ခြောက် ဖာလုံ၊ အကျယ် ၁၂ ‌ပေ၊ အမြင့် နှစ်ပေကိုး လက်မရှိ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် အဆိုပါ လမ်းပေါ်တွင် Box Culvert တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၉၃ ဒသမ ၆၂၅သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများစုဖွဲ့၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက လဘကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားထုတ်ကုန်၊ထွက်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ လျှင်မြန်စွာ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်ထံမှ သိရသည်။