Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

"တောင်တွင်းကြီးမြို့နယ် ကြီးအောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ်ထုတ်ချေး"

25 June 24

"တောင်တွင်းကြီးမြို့နယ် ကြီးအောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ်ထုတ်ချေး"


     တောင်တွင်းကြီး၊ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်
တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန် ၊လူမှု့စီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကြီးအောင်း
ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယ
အကြိမ် ထုတ်ချေးခြင်းကို ဇွန် ၂၄ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
     ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် က ကြီးအောင်းကျေးရွာရှိရပ်မိ၊ရပ်ဖများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသား၊အသင်းသူများနှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
     ဆက်လက်၍ စီမံကိန်းတာဝန်ခံများ
က အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊နည်းဥပဒေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် က ကြီးအောင်းကျေးရွာ ၌ တတိယအကြိမ်အဖြစ်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည် ပတ်ရန်ပုံငွေကျပ် ၃၃၀သိန်း လွှဲပြောင်းပေးအပ်ခဲ့သည်။
     ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကကြီးအောင်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ၄၉ဦး ကိုငွေကျပ် ၁၈၉သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၅ဦးကို ငွေကျပ်၇၉သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၇
ဦးကိုငွေကျပ် ၅၈သိန်းငါးသောင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကို ငွေကျပ် ၃သိန်းငါးသောင်း
၊စုစုပေါင်း အသင်းသား၊အသင်းသူ ၉၂ဦး ကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေကျပ် ၃၃၀သိန်းထုတ်ချေးပေးခဲ့ကြောင်း  တောင်တွင်းကြီးမြို့နယ်ကျေး လက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် ထံမှ သိရသည်။
                                                      နွဲ့ယဥ်