ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဦးမျိုးအောင်သည် ဇွန်လ ၁၄ ရက်နေ့က ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် သနပ်ပင်မြို့နယ်၊ကမာဖရန်ကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက် မည့်အခြေအနေကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော “ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို အစဉ်မပြတ် ဖော်ဆောင်ရန်”နှင့်အညီ ကျေးလက်ဒေသ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ခြင်းလုပ်ငန်းများအား အဓိကလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဦးစားပေးအကောင် အထည်ဖော်ဆောင်ရွက်ပေး လျက်ရှိပါသည်။အဆိုပါ သနပ်ပင်မြို့နယ်၊ ကမာဖရန်ကျေးရွာ ကုန်ထုတ်လမ်းသည် ပြည်ထောင်စုရန်ပုံငွေဖြင့် ဂဝံလမ်း (၆၉၀၀’x ၁၂’x ၉’)နှင့် Pipe Culvert (၃)စင်းဆောင်ရွက်မှာဖြစ်ပါသည်။