ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်သည် ဇွန်လ ၁၄ ရက်နေ့က ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဲခူးမြို့နယ်၊ မယင်း-ပေါက်တော ကုန်ထုတ်လမ်းဆောင်ရွက်မည့်အခြေအနေကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော “ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို အစဉ်မပြတ် ဖော်ဆောင်ရန်”နှင့်အညီ ကျေးလက်ဒေသ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက် မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ကုန်ထုတ်လမ်းတံတား ဖောက်လုပ်ခြင်းလုပ်ငန်းများအား အဓိကလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဦးစားပေးအကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။အဆိုပါ မယင်း-ပေါက်တောကုန်ထုတ်လမ်းသည် ပြည်ထောင်စုရန်ပုံငွေဖြင့် မြေသားလမ်း (၁၃၂၀၀’x ၁၆’x ၂’)နှင့်ဂဝံကေျာက် (၁၃၂၀၀’x ၁၂’x ၉”)လမ်းဆောင်ရွက်မှာဖြစ်ပါသည်။