Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပုဗ္ဗသီရိမြို့နယ် ရေပြာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

20 June 24

ပုဗ္ဗသီရိမြို့နယ် ရေပြာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

**********************************************************************

နေပြည်တော် ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေ တိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန်ရည်ရွယ်၍ သပြေကုန်းကျေးရွာအုပ်စု၊ ရေပြာ ကျေးရွာတွင် ဆဌမအကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ဇွန်၁၉ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်နီလာဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့်
စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း တာဝန်ခံဝန်ထမ်းက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၄၆ ဒသမ ၄၅သန်း ကိုလွှဲပြောင်းပေးအပ်သည်။ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ရေပြာကျေးရွာရှိစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၅ဦးကို ငွေကျပ် ၃ ဒသမ ၉၅သန်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆၀ဦးကို ငွေကျပ် ၁၄ ဒသမ ၂သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ၁၂၈ဦးကို ငွေကျပ် ၂၈ ဒသမ ၃သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၂၀၃ဦးကိုမြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၆ ဒသမ ၄၅သန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နော်လူး