Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တိုက်ကြီးမြို့နယ်၊ ကျောင်းစုကျေးရွာ၌ အမြင့်တင်ရေစင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

17 June 24

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း သန့်ရှင်းသောသောက်သုံးရေရရှိစေရန် ရည်ရွယ်၍ လိမ္မော်ခြံကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ ဂါလန် (၂၄၀၀) ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ဇွန်လ (၁၃) ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။      

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာရွှေ နှင့် တာဝန်ခံအင်ဂျင်နီယာများက ကျောင်းစုကျေးရွာ၌ ဂါလန် (၂၄၀၀) ဆံ့ အမြင့်တင် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေ ငွေကျပ်(၁၂.၄၁)သန်းဖြင့်  တိုက်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေခြင်းဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ပြောကြားသည်။

အဆိုပါရေပေးဝေရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက ကျောင်းစုကျေးရွာ၌ သောက်သုံးရေးဖူလုံစွာ ရရှိပြီး ရေရှားပါးပြတ်လပ်မှုကင်းဝေးကာ အိမ်ခြေ(၃၂)အိမ်ရှိ၊ လူဦးရေ(၁၁၉)ဦးအတွက် အကျိုးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။