Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ထန်းတပင်မြို့နယ်၌ အခြေခံမော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပခြင်း

17 June 24

          ရန်ကုန်တိုင်းဒေသကြီး၊    ထန်းတပင်မြို့နယ်၊   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တာအပ်ချုပ်စက် သင်တန်း ဆင်းပွဲအခမ်းအနားကို (၁၃.၆.၂၀၂၄)ရက်နေ့နံနက်ပိုင်းတွင် ကလိန်ကျေးရွာ၌ ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့်   မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်တို့မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ကြပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/ သင်တန်းသူများထံ ပေးအပ်ခဲ့ပါသည်။  အဆိုပါသင်တန်းကို မေလ ၁၅ရက် မှ ဇွန်လ ၁၃ရက် အထိ တစ်လကြာဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ ကျေးရွာနေပြည်သူ ၂၀ တက်ရောက်ခဲ့ကြပါသည်။