Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြန်အောင်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာများအား စီမံကိန်းမိတ်ဆက်ခြင်း၊ ကော်မတီဖွဲ့ခြင်းနှင့် AVIPလုပ်ငန်းစဉ်များ ရွေးချယ်ခြင်းများကွင်းဆင်းဆောင်ရွက်

14 June 24

ဇွန်လ(၈)ရက်၊၂၀၂၄ခုနှစ် မနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာနှင့် ရင်းတိုက်ကုန်းကျေးရွာအုပ်စု၊ အညာစုကျေးရွာတို့အား မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ(နည်းပညာ) ဦးမြတ်သူ ဦးဆောင်သောအဖွဲ့သည် ကွင်းဆင်း၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား စီမံကိန်းမိတ်ဆက်ခြင်း၊ ကော်မတီဖွဲ့ခြင်းနှင့် AVIPလုပ်ငန်းစဉ်များ ရွေးချယ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများအတွက် လုပ်ငန်းတည်နေရာများ အတည်ပြုခြင်း၊ တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ မြန်အောင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)စတင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၈)ရွာရှိပြီး ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၀)ရွာ၌ AVIPလုပ်ငန်းများဖြစ်သော ကွန်ကရစ်ဘီးလမ်းခင်းခြင်း(၁)ရွာ၊ ကွန်ကရစ်ဘောင်+ချောင်ကျောက်ခင်းခြင်း(၉)ရွာတို့အား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်ပါသည်။