တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အင်းကြီးကျေးရွာ၌ ရေရရှိရေးဆောင်ရွက်နိုင်ရေး အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လောင်းလုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီရိဝင်းနှင့် တာဝန်ရှိသူများ အင်းကြီးကျေးရွာ၌ ကျေးရွာရေရှိရေး ကော်မတီများနှင့်အတူ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်သီရိဝင်းက ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
လောင်းလုံးမြို့နယ် အင်းကြီးကျေးရွာ၌ အကျယ် လေးလက်မ၊ အနက်ပေ ၂၀၀ခန့်ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ အလျားငါးပေ၊ အနံ ငါးပေ၊ အမြင့် ခုနှစ်ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ ၂၄၀၀ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၄၇ ဒသမ ၃၆၂သန်းဖြင့် တင်ဒါအောင်မြင်သည့် သတိုးမြန်မာကုမ္ပဏီက ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက အင်းကြီးကျေးရွာရှိ ကျေးလက်နေပြည်သူများနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက် ရာသီမရွေးသောက်သုံးရေ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လောင်းလုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီရိဝင်းက ပြောပြ၍သိရသည်။