Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကော့မှူးမြို့နယ် ကျေးရွာနှစ်ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု စစ်ဆေး

11 June 24

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ကျေးရွာ နှစ်ရွာ၌ ‌ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို ဇွန်(၇)ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူ များကွင်း ဆင်းစစ်ဆေး ခဲ့ကြောင်းသိရှိ ရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန  ခရိုင်ဦးစီးမှူး ဦးနေဝင်း နှင့် တာဝန်ရှိသူများက ပျဉ်းကတိုးကျေးရွာ ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း

ခင်းခြင်း ရွာတန်းရှည်ကျေးရွာ၌ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း နှင့် ရေသန့်စင်စက် တပ်ဆင်

ခြင်း လုပ်ငန်းပြီးစီးမှုကို ကြည့်ရှု့စစ်ဆေးပြီး ခရိုင် ဦးစီးမှူးက ကျေးရွာကော်မတီ ဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ကော့မှူးမြို့နယ် ပျဉ်းကတိုးကျေးရွာ၌ အရှည်၃၅၅ပေ၊အကျယ်၁၂ ပေ၊ အမြင့်ခြောက်လက်မ ရှိ ကွန်ကရစ်လမ်းခင်းခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုး ရငွေ ကျပ် ၉ ဒသမ ၄၆ သန်း ပြည်သူထည့်ဝင် ငွေကျပ် သုညဒသမ၄သန်းဖြင့် လည်ကောင်း၊ ရွာတန်းရှည် ကျေးရွာ၌ အရှည် ၂၇၅ ပေ အကျယ် ၁၂ပေ အမြင့် ခြောက်လက်မရှိ လမ်းနှင့် အရှည် ၂၆၅ ပေ အကျယ် ၁၀ပေ အမြင့် ခြောက်လက်မရှိ လမ်း ကွန်ကရစ်ခင်းခြင်း နှင့် ရေသန့်စင်စက် တပ်ဆင်ခြင်း လုပ်ငန်းများကို မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ် ၁၄ ဒသမ ၉၃ သန်း ပြည်သူထည့်ဝင် ငွေကျပ် သုညဒသမ၈သန်းဖြင့် လည်ကောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် ကျေးရွာသူ ‌ကျေးရွာသားများက ယခုနှစ် မေလပထမ အပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း တွံ့တေးခရိုင် ‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရပါသည်။