"တောင်တွင်းကြီးမြို့နယ် ပျဉ်းမကြီးကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး"
တောင်တွင်းကြီး၊ ဇွန် ၇
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပျဉ်းမကြီးကျေး ရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများကို ဇွန်၆ ရက် နံနက်ပိုင်းက တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်နှင့်အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ပျဉ်းမကြီးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် က စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ဆွေးနွေးမှာကြားသည်။
ပျဉ်းမကြီးကျေးရွာ၌ ကုန်ထုတ်လမ်းအရှည် ၆ဖာလုံ၊အကျယ်၁၂ပေ၊အမြင့်
ကျောက်ရောမြေ နှစ်ပေနှင့် မြေနီကျောက်စရစ် ကိုးလက်မ အတိုင်းအတာရှိ
ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို
ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၇၆
ဒသမ ၉သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အင်ဂျင်နီယာစုဖွဲ့မှုဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၂၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီးပါက ပျဉ်းမကြီးကျေးရွာရှိ အိမ်ခြေ ၂၅၀၊ လူဦးရေ ၁၀၉၇ဦးတို့၏ အကျိုးပြုလယ်ယာ ၅၀၀ဧကတို့မှ ထုတ်ကုန်၊ထွက်ကုန်များ စျေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်မီ အလွယ်တကူသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန် ထံမှ သိရသည်။
နွဲ့ယဥ်