Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများထုတ်ချေး

03 June 24

သာပေါင်းမြို့နယ်ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ၊မွေးမြူရေးလုပ်ငန်းများအပြင် မိသားစုဝင်ငွေတိုး လုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက် ကွက်ပြင်ကျေးရွာအုပ်စု၊ ကွမ်းခြံစုကျေးရွာမြစိမ်းရောင်ကျေးရွာ စီမံကိန်း  အရင်းမပျောက်လည်ပတ်ရန်ပုံငွေ    ပဉ္စမကြိမ်ထုတ်ချေးပေးခြင်းကို ဇွန်လ၃ရက် မွန်းလွဲ ၁၂နာရီတွင် အဆိုပါကျေးရွာကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။  ရှေးဦးစွာသာပေါင်းမြို့နယ်     ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ    မြို့နယ်ဦးစီးမှူးဒေါ်တင်တင်နွယ်မှ   မြစိမ်းရောင်စီမံကိန်းရန်ပုံငွေသည် ကျေးရွာပိုင်၊   အများပိုင်ငွေ‌ကြေးတစ်ရပ် ဖြစ်ကြောင်း၊ ရန်ပုံငွေအားကျေးရွာလူထုမှ ကိုယ်တိုင်စီမံခန့်ခွဲလျက်ရှိသဖြင့် ကျေးရွာကော်မတီနှင့် အသင်းသူ/သားများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ စီမံကိန်းရန်ပုံငွေမှဝင်ငွေ တိုးလုပ်ငန်းများဆောင်ရွက်နိုင်သဖြင့် ဆင်းရဲမှုကိုလျော့ချလာနိုင်မည်ဖြစ်သည့်အပြင် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး   စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၃၈ )ဦးအား  ငွေကျပ်(၂၀.၅)သန်း၊    မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁၇)ဦးငွေကျပ်(၄.၇ )သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ   (၂၆ )ဦး၊     (၁၀.၉)သန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၉)ဦး၊(၄.၀)သန်း စုစုပေါင်း(၉၀)ဦး(၄၀.၁)သန်းအား    သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်နွယ်နှင့် စီမံကိန်းတာဝန်ခံများ၊ ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များမှ စီမံကိန်းရန်ပုံငွေများအား တစ်ဦးချင်းစနစ်တကျထုတ်ချေး ပေးခဲ့ကြောင်း သိရှိရပါသည်။