မိုးကောင်းမြို့နယ်၊နန့်လှိုင်ကျေးရွာ၌ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လုပ်ငန်းများ ဆောင်ရွက်နေမှု ခရိုင်ဦးစီးမှူးမှကွင်းဆင်း စစ်ဆေး
(၂.၆.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြားနံနက်(၁၀)နာရီသတင်း၊(၃.၆.၂၀၂၄)ရက်နေ့ထုတ် မြဝတီသတင်းစာ၊ရတနာပုံသတင်းစာနှင့်မြို့တော်သတင်းစာ
မိုးကောင်း ၊ဇွန် ၁
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ နန့်လှိုင်ကျေးရွာ၌ စတုတ္ထအကြိမ်မြောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) လုပ်ငန်းများ ဆောင်ရွက်နေမှု နှင့်် စီမံကိန်းဆိုင်ရာငွေစာရင်းပုံစံများ ဖြည့်သွင်းထားရှိမှုအခြေအနေများကို ဇွန် ၁ ရက်နေ့တွင် တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းနှင့်ဝန်ထမ်းများသည် မိုးကောင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်မေဝင်း၊ စီမံကိန်းတာဝန်ခံတို့နှင့်အတူ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP) ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု ၊ စာရင်းဇယားများ မှန်ကန်စွာရေးသွင်းထားရှိမှု နှင့် စီမံကိန်း လက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေး သည်။
အဆိုပါနန့်လှိုင်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကို ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းရန်ပုံငွေစတုတ္ထအကြိမ်အဖြစ် စိုက်ပျိုး ရေးလုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အသင်းသူ/အသင်းသား ၆၂ ဦးကို ငွေ ကျပ် ၂၅၆သိန်း ထုတ်ချေးပေးထား ကြာင်းသိရသည်။
(၂.၆.၂၀၂၄)ရက်နေ့ မြဝတီရုပ်မြင်သံကြား နံနက်(၁၀)နာရီသတင်း၊ (၃.၆.၂၀၂၄)ရက်နေ့ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ(၂၅)၊ကော်လံ(၅/၆) ၊(၃.၆.၂၀၂၄) ရက်နေ့ထုတ် မြို့တော်သတင်း စာ စာမျက်နှာ(၈)ကော်လံ(၄/၅/၆)၊(၃.၆.၂၀၂၄)ရက်နေ့ထုတ် မြဝတီသတင်းစာ စာမျက်နှာ(၁၅)၊ ကော်လံ(၃/၄/၅/၆) တို့တွင် ပါရှိသည်။