Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်၊ကြာအင်းကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ခရိုင်ဦးစီးမှူးမှ စစ်ဆေး (၃၀.၅.၂၀၂၄)ရက်နေ့နှင့် (၃၁.၅.၂၀၂၄)ရက်နေ့ထုတ် မြို့တော်သတင်းစာ

31 May 24

မိုးကောင်းမြို့နယ်၊ကြာအင်းကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ခရိုင်ဦးစီးမှူးမှ စစ်ဆေး

 (၃၀.၅.၂၀၂၄)ရက်နေ့နှင့် (၃၁.၅.၂၀၂၄)ရက်နေ့ထုတ် မြို့တော်သတင်းစာ

မိုးကောင်း ၊မေ  ၂၈

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ကြာအင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုကို မေ၂၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်မေဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကြာအင်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေး၊အရောင်းအဝယ် စသည့်တစ်နိုင်တစ်ပိုင် ဝင်ငွေတိုးလုပ်ငန်းများ အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်မှု၊ငွေစာရင်းပုံစံများ စနစ်တကျရေးသွင်းထားမှု၊စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကြာအင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကို ၂၀၁၄−၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ မြစိမ်းရောင်​ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ (၁၀)ကြိမ်မြောက်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၇ ဦး၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၃ဦး၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦး၊အသက် မွေး ဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၂ ဦး စုစုပေါင်း အသင်းသူ/အသင်းသား ၇၇ ဦးတို့က ရန်ပုံငွေ ကျပ် ၆၀၇ သိန်း ငါးသောင်းဖြင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

(၃၀.၅.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ စာမျက်နှာ(၈)၊ကော်လံ(၁/၂) နှင့် (၃၁.၅.၂၀၂၄) ရက်နေ့ထုတ် မြို့တော်သတင်းစာ စာမျက်နှာ(၈)၊ကော်လံ(၁/၂)တို့တွင်ပါရှိသည်။