Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်၌ သက်ဆိုင်သူအားလုံးပါဝင်သော မြို့နယ်အဆင့်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကျင်းပ (၁၂.၄.၂၀၂၄)ရက်နေ့ မြဝတီရုပ်မြင်သံကြားညနေ(၆:၀၀)နာရီသတင်းတွင်ပါရှိသည်။

12 April 24

မိုးကောင်းမြို့နယ်၌ သက်ဆိုင်သူအားလုံးပါဝင်သော မြို့နယ်အဆင့်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကျင်းပ

(၁၂.၄.၂၀၂၄)ရက်နေ့ မြဝတီရုပ်မြင်သံကြားညနေ(၆:၀၀)နာရီသတင်းတွင်ပါရှိသည်။

မိုးကောင်း၊ဧပြီ ၁၂

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကမြစိမ်း ရောင်ကျေးရွာစီမံကိန်းနှင့်ခေတ်မီစံပြကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာမှာပိုမိုထိရောက်အောင်မြင်စေရန် ရည်ရွယ်ပြီး ကျင်းပတဲ့သက်ဆိုင်သူအားလုံးပါဝင်သောမြို့နယ်အဆင့်စီမံကိန်းသုံးသပ် ဆွေး နွေးပွဲအခမ်းအနားကိုဧပြီလ ၁၁ရက်နေ့လည်ပိုင်းကအဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ပထမဦးစွာမိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အဖွဲ့ဝင်ဦးမျိုးဝင်းက အဖွင့်အမှာ စကား ပြောကြားပြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ခင်မေဝင်း က စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များနှင့် သုံးသပ်ဆွေးနွေးပွဲတွင် ဆွေးနွေးရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် စီမံကိန်းဝင်ကျေးရွာများမှ မြစိမ်းရောင်ကျေးရွာစီမံ ကိန်းလုပ်ငန်းအဖွဲ့နှင့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း ကော်မတီဝင်များက အုပ်စု(၅)စုဖွဲ့၍ မိမိတို့စီမံကိန်းနှင့်ပတ်သက်ပြီး တွေ့ကြုံရသည့် အားနည်းချက်/အားသာချက်များ၊အကြံပြုချက်များ ကို တင်ပြဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများကတင်ပြ ဆွေးနွေးမှုများအပေါ်ဝိုင်းဝန်းဆွေးနွေးပေးခဲ့ကြသည်။

အခမ်းအနားကို မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖွဲ့ဝင်ဦးမျိုးဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဝန်ထမ်းများ၊မြစိမ်း ရောင်ကျေးရွာစီမံကိန်းနှင့်ခေတ်မီစံပြကျေးရွာစီမံကိန်းဝင်ကျေးရွာ(၂၀)မှ ကော်မတီဝင် (၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

(၁၂.၄.၂၀၂၄)ရက်နေ့ မြဝတီရုပ်မြင်သံကြားညနေ(၆:၀၀)နာရီသတင်းတွင်ပါရှိသည်။