Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့၌ကျေးရွာစီမံကိန်းများ၊ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေးရရှိရေး၊ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်းပြီး သက်ဆိုင်သူအားလုံးပါဝင်သော သုံးသပ် ဆွေးနွေးပွဲကျင်းပ (၂၆.၄.၂၀၂၄)ရက်နေ့ မြဝတီရုပ်မြင်သံကြားသတင်းနံနက်(၀၉:၀၀)နာရီတွင်ပါရှိသည်။

26 April 24

မိုးညှင်းမြို့၌ကျေးရွာစီမံကိန်းများ၊ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေးရရှိရေး၊ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်းပြီး သက်ဆိုင်သူအားလုံးပါဝင်သော သုံးသပ် ဆွေးနွေးပွဲကျင်းပ

 (၂၆.၄.၂၀၂၄)ရက်နေ့ မြဝတီရုပ်မြင်သံကြားသတင်းနံနက်(၀၉:၀၀)နာရီတွင်ပါရှိသည်။

မိုးညှင်း၊ဧပြီ ၂၆

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာစီမံကိန်းများ၊ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေးရရှိရေး၊ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်းပြီး သက်ဆိုင်သူအားလုံးပါဝင် သောသုံးသပ်ဆွေးနွေးပွဲများကိုဧပြီလ ၂၅ ရက်နေ့နံနက်ပိုင်းကဟဲလုံခေတ်မီစံပြကျေးရွာရှိသီရိရတနာခန်းမမှာကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသုံးသပ်ဆွေးနွေးပွဲမှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးမြတ်ခိုင်ကိုအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးဦးဌေးမြင့်က ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြ နှင့်ကျေးလက်ဒေသ ကွာဟချက်များကျဉ်းမြောင်းလာစေရန်အတွက် မြစိမ်းရောင်စီမံကိန်း၊ခေတ်မီ စံပြကျေးရွာထူထောင်ရေး စီမံကိန်း၊ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ရေးလုပ်ငန်းစီမံကိန်း များအပြင်တောင်သူများ ဝင်ငွေတိုးပွားလာစေရန်ပြည်ပမှ စားသုံးဆီလျော့ချနိုင်​စေရန်နှင့်ပြည်တွင်းစားသုံးဖူလုံစေရန်တို့အတွက် ဆိုလာစနစ်ဖြင့်စိုက်ပျိုးရေလုံလောက်စွာရရှိစေပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းကောင်းများရရှိစေရေးနှင့် မိသားစုဝင်ငွေတိုးပွားလာစေရေးတို့ကို ဌာန၏မူဝါဒများနှင့်အညီ အလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီးဟဲလုံခေတ်မီစံပြကျေးရွာစီမံကိန်းဉက္ကဌဦးစိုင်းတင်လှ ကခေတ်မီစံပြကျေးရွာစီမံကိန်း ဆောင်ရွက်မှုအခြေအနေများကိုဆွေးနွေးပြောကြားပြီး နန့်လှိုင်ကျေးရွာ မှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး လုပ်ငန်းအဖွဲ့ဝင် တစ်ဦးက ဆွေးနွေးတင်ပြသည်။

၎င်းနောက်တက်ရောက်လာကြသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်ပြီး လုပ်ငန်း၏ အားသာချက်နှင့် အား နည်းချက်များကိုအသီးသီးဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများကပြန်လည် ဖြည့်စွက်အကြံပြုဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံသုံးသပ်ဆွေးနွေးပွဲသို့သက်ဆက်ရာဌာနမှအကြီးအကဲများ မိုးညှင်းမြို့နယ်အတွင်းရှိ ကျေး ရွာအုပ်စု(၃၆)အုပ်စုကျေးရွာ(၆၇)ရွာတို့မှကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူ (၁၅၂)ဦး စုစုပေါင်း (၁၆၄)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

 (၂၆.၄.၂၀၂၄)ရက်နေ့ မြဝတီရုပ်မြင်သံကြားသတင်းနံနက်(၀၉:၀၀)နာရီတွင်ပါရှိသည်။