Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မှော်ဘီမြို့နယ်၌အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖွင့်လှစ်

27 May 24

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းဖြစ်သည့် လက်သမားပန်းရံသင်တန်းကိုအဆိုပါဦးစီးဌာနရုံးတွင် မေ(၂၃)ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်ရာသင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးကသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး သင်တန်းကို မေ(၂၃)ရက်မှ ဇွန်(၅)ရက်ထိ နှစ်ပတ်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ ကျေးလက်နေပြည်သူ(၂၀) တက်ရောက် လျက်ရှိသည်။