၁။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ တိုင်းဒေသကြီးဦးစီးမှူးဦးမျိုးအောင်နှင့် ခရိုင်ဦးစီးမှူး တို့မှ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် နွေရာသီရေရှားပါးကျေးရွာများသို့ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရပါသည်။
၂။ ရွာသာယာကျေးရွာအုပ်စု၊ ဖန်ခါးပင်ကျေးရွာ မြေသားရေကန်တူးဖော်ခြင်း(၅၀၄၀၀) ကုဗပေ၊ ခြံစည်းရိုးကာရံခြင်း၊ ဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင်၊ အင်ဂျင်နှင့်ရေစုပ်ပန့်တပ်ဆင်ခြင်း (၅’x၅’x၇’)ရေစက်ရုံ၊ ရေသန့်စင်စနစ်ဆောင်ရွက်ခြင်း၊ ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းအား (၁၈.၅.၂၀၂၄)ရက်နေ့တွင်းကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေသားရေကန်အတွင်း ရေဝင်လမ်းကြောင်း ဖောက်လုပ်ဆောင်ရွက်ရန်၊လုပ်ငန်းလည်ပတ်ထိန်းသိမ်းရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးအတွက် ကျေးရွာ ရေကော်မတီအားစနစ်တကျဖွဲ့စည်းဆောင်ရွက်ရန်နှင့် လုပ်ငန်းစံချိန်စံညွှန်းပြည့်မီရေးစနစ်တကျ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
၃။ ကြိုးကြာကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ မြေသားရေကန် (၄၀၀၀၀)ကုဗပေ ပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေသားရေကန် အတွင်း ရေဝင်လမ်းကြောင်း ဖောက်လုပ်ဆောင်ရွက်ရန်၊ လုပ်ငန်းလည်ပတ်ထိန်းသိမ်းရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးအတွက် ကျေးရွာရေကော်မတီအားစနစ်တကျဖွဲ့စည်းဆောင်ရွက်ရန်နှင့် လုပ်ငန်း စံချိန်စံညွှန်းပြည့်မီရေးစနစ်တကျ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။