ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ (ဆဌမ)အကြိမ်အသင်းသား၊ အသင်းသူ ၁၆၅ဦးကို လည်ပတ် ရန်ပုံငွေကျပ် ၃၉ဒသမ၉၉သန်း ထုတ်ချေးခြင်းအခမ်းအနားကို မေ၁၆ရက်က တာဝန်ရှိသူများ ကံသာ ကျေးရွာအုပ်စု၊ ကံသာကျေးရွာ၌ ကွင်းဆင်းထုတ်ချေးခဲ့ကြောင်းသိရသည်။