Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဥတ္တရသီရိမြို့နယ် ပိုးစာတောကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေးကွင်းဆင်းစစ်ဆေး

21 May 24

ဥတ္တရသီရိမြို့နယ် ပိုးစာတောကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရေးကွင်းဆင်းစစ်ဆေး

နေပြည်တော် မေ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ပိုးစားတောကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းဖောက်ပေးနိုင်ရေး လက်ရှိမြေပြင်အနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းထွန်း၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် မြို့နယ် တာဝန်ရှိသူများက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ ပိုးစာတောကျေးရွာတွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ် ပေးနိုင်ရေးအတွက် လက်ရှိမြေပြင်အခြေအနေများ ကွင်းဆင်းတိုင်းတာကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

အဆိုပါ ပိုးစာတောကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် တစ်မိုင် ၄ ဒသမ ၄၂ ဖာလုံ အကျယ် ၁၂ ပေ အမြင့် ကျောက်ရောမြေ နှစ်ပေထု မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၆၂ ဒသမ ၂၆၅ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ ယခုလ စတုတ္ထအပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၇၃၀၊ လူဦးရေ ၂၉၈၃ ဦးတို့၏ စိုက်ပျိုးမြေဧက ၇၀၀ ကို အကျိုးပြု ပေးနိုင်မှာဖြစ်ကြောင်း ဥတ္တရခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးထံမှ သိရသည်။

သူသူ