မအူပင် မေ ၂၀
မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများအပြင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ကွန်စုကျေးရွာအုပ်စု၊ ကွန်စုကျေးရွာ ကျေးရွာတည်ရန်ပုံငွေစီမံကိန်း ပဥမအကြိမ် ထုတ်ချေးပေးခြင်းကို မေလ၂၀ရက် မွန်းလွဲ ၁၂နာရီတွင် အဆိုပါ ကျေးရွာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။ရှေးဦးစွာ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာမြင့်မှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းသည် ကျေးရွာပိုင်၊ အများပိုင်ငွေကြေးတစ်ရပ် ဖြစ်ကြောင်း၊ ရန်ပုံငွေအား ကျေးရွာလူထုမှ ကိုယ်တိုင်စီမံခန့်ခွဲလျက်ရှိသဖြင့် ကျေးရွာကော်မတီနှင့် အသင်းသူ/သားများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ စီမံကိန်းရန်ပုံငွေမှဝင်ငွေ တိုးလုပ်ငန်းများ ဆောင်ရွက်နိုင်သဖြင့် ဆင်းရဲမှုကိုလျော့ချလာနိုင်မည်ဖြစ်သည့်အပြင် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၆၉)ဦးအား ငွေကျပ်(၂၆.၈)သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၈ )ဦးငွေကျပ် (၁.၁၅ )သန်း၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ(၇ )ဦး ငွေကျပ်(၁.၉၅ )သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၁) ဦး ငွေကျပ်(၀.၁ )သန်း၊ စုစုပေါင်း (၈၅)ဦး၊ (၃၀.၀)သန်းအား မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သီတာမြင့်နှင့် စီမံကိန်းတာဝန်ခံများ၊ ကျေးရွာမတည်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များမှ စီမံကိန်းရန်ပုံငွေများအား တစ်ဦးချင်းစနစ်တကျထုတ်ချေး ပေးခဲ့ကြောင်း သိရှိရပါသည်။