သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်လင်းသန်း နှင့်တာဝန်ရှိသူများလိုက်ပါလျက် သန်လျင်ခရိုင်၊သန်လျင်မြို့နယ် ရုံးသပြေကန်ကျေးရွာရှိ လယ်ယာကုန် ထုတ်ဂဝံလမ်း(၁/၃ဒသမ၂မိုင်X၁၂ပေX၉လက်မ)နှင့်Box Culvert နှစ်စင်းကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူ များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြကြသည်။
ယင်းသို့စစ်ဆေးရာတွင် အမြဲတမ်းအတွင်းဝန်က ကုန်ထုတ်ဂဝံလမ်းဖောက်လုပ်နိုင်သည့်အတွက် လယ်ယာထုတ်ကုန်များ အကုန်အကျသက်သာစွာနှင့် ဈေးကွက်သို့ရောင်းချနိုင်သည့်အတွက် များစွာအကျိုး ဖြစ်ထွန်းစေကြောင်း လမ်းရေရှည်တည်တံ့ခိုင်မြဲပြီး ရာသီမရွေးသွားလာနိုင်ရန်အတွက် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာသူ/သားများအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။