ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းဖြစ်သည့် အခြေခံမော်တာအပ်ချုပ်စက်သင်တန်းကို ကလိန်ကျေးရွာ၌ မေ၁၅ရက်နံနက်ပိုင်း တွင်ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလင်းနိုင်မှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်မှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။အဆိုပါသင်တန်းကို မေ၁၅ရက်မှ ဇွန်၁၃ရက်အထိ တစ်လကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျေးရွာနေပြည်သူ ၂၀ တက်ရောက် လျက်ရှိပါသည်။