Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တွံတေးမြို့နယ်၌ မြေသားရေကန်အနက်နှိုက် တူးဖော်ခြင်းလုပ်ငန်းများ ရာနူန်းပြည့်ဆောင်ရွက်ပြီးစီးမှုစစ်ဆေး

20 May 24

တွံတေးမြို့နယ်၌ မြေသားရေကန်အနက်နှိုက် တူးဖော်ခြင်းလုပ်ငန်းများ ရာနူန်းပြည့်ဆောင်ရွက်ပြီးစီးမှုစစ်ဆေး
============================
တွံတေး  မေလ ၂၀ရက်
==============
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ၊ ရန်ကုန်းတိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေရှားပါးသည့် ကျေးရွာများအား  နွေရာသီကာလ ရေရှားမှုကို ကြိုတင်ကာကွယ်ရန် နှင့် သောက်သုံးရေများဖူလာစွာရရှိစေရန် ရည်ရွယ်၍   မိုးရာသီမတိုင်မီ ဦးစား‌ပေးဆောင်ရွက်ခဲ့သည့်  မြေသားရေကန် အနက်နှိုက် တူးဖော်ခြင်းလုပ်ငန်းများ ရာနူန်းပြည့် ဆောင် ရွက် ပြီးစီးမှု အခြေအနေများကို ယနေနံနက်ပိုင်းက တာဝန်ရှိသူများမှ တမာတကော ကျေးရွာအုပ်စု၊ တမာတကောကျေးရွာ၌   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာ  တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေး နှင့် အင်ဂျင်နီယာ ဝန်ထမ်းများ သည် တမာတကော ကျေးရွာတွင် သောက် သုံးရေရရှိရေးအတွက်   အလျား ၂၃၀ပေ ၊အနံ ၁၀၀ပေ၊အနက် ၃ပေ ရှိ‌ မြေသားရေကန် အနက်နှိုက်  တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက  ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ  ဆောင်ရွက်ပြီး  မြေသားရေကန်အား ရေရှည်တည်တံ အောင်  ဝိုင်းဝန်းထိန်းသိမ်းကြရန် နှင့် မိုးတွင်းကာလ မြေသားရေကန်အတွင်း ရေရရှိရေးဝိုင်းဝန်းကြိုးစားကြရန် ဆွေးနွေးမှာကြားပြီးကျေးရွာ‌တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနိူင်း ဆောင်ရွက်ပေးခဲ့သည်။
 
  အဆိုပါ မြေသားရေကန်  အနက်နှိုက် တူးဖော်ခြင်းလုပ်ငန်းများ ကို   တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်(၁၀၇)သိန်းဖြင့် ဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများနှင့် ကျေးရွာသူ/သားများ ပူးပေါင်း၍ ယခုနှစ်  ဧပြီလ စတုတ္ထအပတ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ  ယခုအခါ လုပ်ငန်းများအားလုံး ရာနူန်းပြည့်ပြီးစီးနေပြီဖြစ်သောကြောင့်   အဆိုပါကျေးရွာရှိ  အိမ်ခြေ(၃၅၀)အိမ်၊ လူဦးရေ(၁၆၀၀)ဦးတို့အတွက်  နွေရာသီကာလအတွင်း ရေရှားပါးသည့် ပြသာနာများ ပြေလည်ကာ  သန့်ရှင်းသော  သောက်သုံးရေများ ရာသီမရွေးဖူလုံစွာရရှိ‌မည် ဖြစ်ကြောင်း တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက ထံ မှသိ ရသည်။ 
 
ချိုသန်းညွန့် (ကျေးလက်)