Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းကျေးရွာများမှ အသက်မွေးဝမ်း အထောက်အကူပြု ပန်းရံ၊လက်သမားသင်တန်းအား သင်တန်းသား(၂၀)ဦးဖြင့် ဖွင့်လှစ်ခြင်းအခမ်းအနား

16 May 24

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံ၊ လက်သမားသင်တန်းအား မြစိမ်ရောင်စီမံကိန်းကျေးရွာများရှိ သင်တန်းသား (၂၀)ဦးအား            (၁-၅-၂၀၂၄) ရက်နေ့မှ (၂၀-၅-၂၀၂၄) ရက်နေ့အထိ သင်တန်းကာလ (၂၀)ရက်ကြာထိ ကဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာတွင် သင်ကြားပို့ချရာ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပါသည်၊

          (၉.၅.၂၀၂၄) ရက်နေ့တွင် ပန်းရံ၊လက်သမား သင်တန်းတက်ရောက်နေသည့် သင်တန်းသား များအား  လက်တွေ့သင်ကြားပို့ချနေမှုအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများက ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။