Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ကလောမြိုနယ်၌ နွေရာသီရေရှားပါးသည့် ကျေးရွာများအား သောက်သုံးရေများပေးဝေလှူဒါန်း

13 May 24

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ကလောမြိုနယ်၌ နွေရာသီရေရှားပါးသည့် ကျေးရွာများအား သောက်သုံးရေများပေးဝေလှူဒါန်း

========================================================================================================================================================

ကလော မေလ ၁၄ ရက်

=============================

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး‌‌ရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေး ပြတ်လပ်မှု မရှိစေရန်နှင့် ဖူလုံစွာရရှိစေရန် ရည်ရွယ်၍  နွေရာသီရေရှားပါးသည့် ကျေးရွာများအား အချိန်နှင့်တစ်ပြေးညီ သောက်သုံးရေများ ဖြန့်‌ ဝေပေးလျက်ရှိရာ  မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ကလောခရိုင်၊ကလောမြို့နယ်အတွင်း သောက်သုံးရေရှားပါးသော ကျေးရွာများဖြစ်သည့် ပဲရင်းတောင်ကျေးရွာအုပ်စု၊ ကျောက်ဆောင်ဘီလူးကျေးရွာ၊သာယာစုကျေးရွာ၊ကျောင်းနောက်ကျေးရွာနှင့်  ကန်‌ထောင့်ကျေးရွာများ၌  ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ရွေ့လျား ရေသန့်စင်စက် ( Mobile Water Purification Vehicle ) ကို အသုံးပြုပြီးသောက်သုံးရေများ ကွင်းဆင်း ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းလှူ ဒါန်းရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး  ဦး မောင်မောင်ဝင်း  နှင့် ကလောခရိုင်/မြို့နယ်များမှ အင်ဂျင်နီယာဝန်ထမ်းများသည် နွေရာသီ‌ ရေရှားပါးသည့် ကျောက်ဆောင်ဘီလူးကျေးရွာ၊သာယာစုကျေးရွာ၊ကျောင်းနောက်ကျေးရွာနှင့်  ကန်‌ထောင့်ကျေးရွာများတွင် ရွေ့လျား ရေသန့်စင်စက်  ( Mobile Water Purification Vehicle )ကိုအသုံးပြု၍ သောက်သုံးရေများ ဖြန့်‌ ဝေ လှူဒါန်းပေးခဲ့ပြီး  ပြည်နယ်ဦးစီးမှူး က  ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ နွေရာသီကာလ ရေလိုအပ်ချက်များ၊ သောက်သုံးရေ ဖူလုံစွာရရှိစေရန် ‌ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊နည်းလမ်းများကို ရှင်းလင်းဆွေးနွေးကာ ကျေးရွာတင်ပြချက်များအပေါ်  လိုအပ်သည်များကို ပေါင်းစပ်ညှိနိူင်း ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာ(၄)ရွာရှိ  စုစုပေါင်း  အိမ်ခြေ(၃၀၇)အိမ်၊ လူဦးရေ (၁၁၅၄)ဦးတို့အား    ရေဂါလံ(၅၈၀၀)ပေးဝေလှူဒါန်းခဲ့သည်။

 

ရှမ်းပြည်နယ် (တောင်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်နယ် ကွပ်ကဲမှုအောက်ရှိ ခရိုင်(၆)ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၂)ခုနှင့် မြို့နယ် (၂၁)မြို့နယ်တွင်းရှိ ကျေးရွာများ၌ နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှုရှိပါက ပြည်နယ်/ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ တိုက်ရိုက် ဆက်သွယ်အကူအညီတောင်းနိုင်ပါကြောင်းနှင့် နှစ်စဉ် ‌နွေရာသီ ရေရှားပါးသည့် ကျေးရွာများ စာရင်းကို ပြုစုကာ  သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်းလျက်ရှိပြီး အဆိုပါ ကျေးရွာများ၌ မြေပေါ် ၊‌ မြေအောက် ရေရရှိရေး နည်းလမ်းများကိုလည်း Survey တိုင်းတာပြီး ကျေးလက် ဒေသ ရေရရှိရေးအတွက် လက်တွေ့ ကွင်းဆင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌‌ ရေးဦးစီးဌာနမှ သိရသည်။

 

                                                                                                                                                                                                                                                                                  မောင်ခိုင်