Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းအရှေ့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆောင် ရွက်သော ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

14 May 24

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အတိုးရငွေ (၅၀%)ဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းနှင့် တာဝန်ရှိသူများက မေ လ ၁၃ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

                   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များနှင့်အတူ တော်ခရမ်းအရှေ့ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အရည်အသွေးပြည့်မှီ၊ မမှီစစ်ဆေးပြီး ကျေးရွာသူ/သားများနှင့်တွေ့ဆုံကာ မိမိတို့ကွန်ကရစ် လမ်းအား ရေရှည်အသုံးပြုနိုင်ရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားသည်။

                   ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းအရှေ့ကျေးရွာ၌ အရှည်ပေ ၄၆၀၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၅၀%)ဖြစ်သော ၁၁.၅၇၅၀ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင် နီယာ၏ နည်းပညာကူညီပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် မတ် လ ၂၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။