Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မအူပင်မြို့နယ်တွင် အိုင်ဝိုင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းထုတ်ချေးခြင်း

10 May 24

မအူပင်  မေ ၁၀

မအူပင်မြို့နယ်ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ၊မွေးမြူရေးလုပ်ငန်းများအပြင် မိသားစုဝင်ငွေတိုး လုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက် အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာမြစိမ်းရောင်ကျေးရွာ စီမံကိန်း  အရင်းမပျောက်လည်ပတ်ရန်ပုံငွေ    အဌမကြိမ်ထုတ်ချေးပေးခြင်းကို မေလ၁၀ရက် မွန်းလွဲ ၁၂နာရီတွင် အဆိုပါကျေးရွာကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။  ရှေးဦးစွာမအူပင်မြို့နယ်     ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ    မြို့နယ်ဦးစီးမှူးဒေါက်တာမနားကီးမှ   မြစိမ်းရောင်စီမံကိန်းရန်ပုံငွေသည် ကျေးရွာပိုင်၊   အများပိုင်ငွေ‌ကြေးတစ်ရပ် ဖြစ်ကြောင်း၊ ရန်ပုံငွေအားကျေးရွာလူထုမှ ကိုယ်တိုင်စီမံခန့်ခွဲလျက်ရှိသဖြင့် ကျေးရွာကော်မတီနှင့် အသင်းသူ/သားများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ စီမံကိန်းရန်ပုံငွေမှဝင်ငွေ တိုးလုပ်ငန်းများဆောင်ရွက်နိုင်သဖြင့် ဆင်းရဲမှုကိုလျော့ချလာနိုင်မည်ဖြစ်သည့်အပြင် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး   စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၁၂၅ )ဦးအား  ငွေကျပ်(၃၅.၈)သန်း၊    သက်မွေးလုပ်ငန်းလုပ်ကိုင်သူ (၁)ဦးငွေကျပ်(၀.၃ )သန်း၊    စုစုပေါင်း(၁၂၆ )ဦး၊     (၃၆.၁)သန်းအား    မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာမနားကီး  နှင့် စီမံကိန်းတာဝန်ခံများ၊ ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များမှ စီမံကိန်းရန်ပုံငွေများအား တစ်ဦးချင်းစနစ်တကျထုတ်ချေး ပေးခဲ့ကြောင်း သိရှိရပါသည်။