Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တိုင်းဒေသကြီးဦးစီးမှူးမှ မြန်အောင်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

10 May 24

           ၂၀၂၄ခုနှစ်၊ မေလ (၁၀)ရက် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ တောင်နီလေး+ဂွေးကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်နှင့်အဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

            တောင်နီလေး+ဂွေးကုန်းကျေးရွာသည် ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်မှ စတင်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းအတိုးရငွေဖြင့် ကျေးလက်မီးလင်းရေး အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး ကျေးရွာကော်မတီဝင်များနှင့် အသင်းသူအသင်းသားများ စည်းလုံးညီညွတ်စွာ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

           တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည် ၎င်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေဖြင့် ဆောင်ရွက်နေသော အသင်းသားများ၏ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် နည်းပညာပိုင်းဆိုင်ရာများ စဉ်ဆက်မပြတ်လေ့လာ ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် စီမံကိန်းအောင်မြင်စေရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။