Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မအူပင်မြို့နယ်မှ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ခဲ့သည့် အသက်မွေးကျောင်း အထောက်အကူပြုသင်တန်းသူများ၏အပ်ချုပ်ဆိုင်ဖွင့်လှစ်ထားရှိမှုအားကွင်းဆင်းကြည့်ရှု အားပေး

09 May 24

မအူပင် မေ ၀၉

၂၀၂၃-၂၀၂၄ ခု    ဘဏ္ဍာရေးနှစ်တွင်   ဖွင့်လှစ်ခဲ့သည့်    အသက်မွေးကျောင်း     အထောက်အကူပြုအခြေခံအပ်ချုပ်စက်သင်တန်းသို့   တက်ရောက်ခဲ့သည့် သင်တန်းသူ(၁၅)  ဦးအနက်   ပုဂ္ဂလိကအလုပ်ဝင်ရောက်သူများနှင့်  

ကိုယ်ပိုင်ဆိုင်ဖွင့်လှစ်နိုင်သူ ( ၁၂)ဦးရှိခဲ့ပြီး    ကိုယ်ပိုင်ဆိုင်ဖွင့်လှစ်ခဲ့သည့်    သင်တန်းသူများအနက်    သင်တန်းတွင်ထူးချွန်ဆုရရှိ၍    အပ်ချုပ်စက်တစ်လုံးဆုချီးမြှင့်ခြင်းခံရသည့်  ဒေါ်ဖြူနှင်းဝေမှ  ကိုယ်ပိုင်အပ်ချုပ်စက်ဆိုင်   

ဖွင့်လှစ်နေမှုအခြေအနေအား (၀၉.၀၅.၂၀၂၄)ရက်နေ့   နံနက်ပိုင်းတွင်မအူပင်မြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   မြို့နယ်ဦးစီးမှူး၊ ဒေါက်တာမနားကီးနှင့် တာဝန်ခံဝန်ထမ်းများက    သွားရောက်၍ကြည့်ရှု  

အားပေးခဲ့ပါသည်။      ခနောင်ထော်ကျေးရွာအုပ်စု၊   မရမ်းကွေ့ (အရှေ့)  ကျေးရွာမှဒေါ်ဖြူနှင်းဝေနှင့်ဒေါ်နှင်းအိဖြူတို့အား  ကိုယ်ပိုင်အပ်ချုပ်ဆိုင်  ဖွင့်လှစ်နိုင်ရေး  ကုန်ကျမည့်  အရင်းအနှီးအတွက်   ငွေကျပ်(၃)သိန်းစီအား  

မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ထုတ်ချေးပေးခဲ့ပြီးယခုအခါ  သင်တန်းသူ(၂)ဦးမှ  အလုပ်အကိုင်အခွင့်အလမ်း  ရရှိလာသည့်အပြင်  မိသားစုဝင်ငွေ တိုးပွားရရှိလာကြောင်းသိရှိရပါသည်။