ဧပြီ ၁၀ရက် ကော့မှူး
ကော့မှူးမြို့နယ်၌ မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ ရန်ကုန်တိုင်းဒေသကြီးတွံ့တေးခရိုင် ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၃- ၂၀၂၄ခုဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း/မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်)/ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း/ခေတ်မီစံပြကျေးရွာစီမံကိန်း(Smart Village) လုပ်ငန်းများနှင့် ပတ်သက်သည့် သုံးသပ်ဆွေးနွေးပွဲကို ဧပြီလ ၉ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်းက သုံးသပ်ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝ က အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာ ကော်မတီဝင်များက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်သည့် အားသာချက်/အားနည်းချက် များကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က ဆွေးနွေးပွဲမှရလာဒ်များအပေါ် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်းသိရသည်။