Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်ဘီးလမ်း ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး

03 April 24

မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်ဘီးလမ်း ဆောင်ရွက်ပြီးစီးမှုကွင်းဆင်းစစ်ဆေး

ညောင်လေးပင် ဧပြီ  ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖိုးတုပ္ပုံကျေးရွာအုပ်စု၊ မယ်ဇလီခင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ ကျေးရွာပြည်သူလုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းနှင့် ရေသန့်စင်စနစ်ဆောင်ရွက်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ မယ်ဇလီခင်ကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ ကျေးရွာပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့်  ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းနှင့် ရေသန့်စင်စနစ်ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ချပြရှင်းလင်းဆောင်ရွက်ကာ လိုအပ်သည်များဖြည့်စွက် မှာကြားပါသည်။ 

အဆိုပါ မယ်ဇလီခင်ကျေးရွာ ကျေးရွာတွင်းလမ်း အရှည်ပေ ၁၄၀၀ အကျယ် ၃ ပေ အမြင့် ခြောက်လက်မထု  နှစ်းဘီးသွားကွန်ကရစ်ဘီးလမ်းခင်းခြင်းနှင့် ရေသန့်စင်စနစ်ဆောင်ရွက်ခြင်း လုပ်ငန်းတို့ကို  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေကျပ် ၂၃၅ သိန်း ၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် ဇန်နဝါရီလ ပထမ အပတ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးဖြစ်ကြောင်းသိရသည်။