"တောင်တွင်းကြီးမြို့နယ် ဝါးခြမ်းကာ ကျေးရွာ၌စိုက်ပျိုးရေရရှိရေးလုပ်ငန်းရာနှုန်းပြည့်ပြီးစီးမှု စစ်ဆေး"
တောင်တွင်းကြီး၊မတ် ၂၆
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝါးခြမ်းကာကျေးရွာအုပ်စု၊ဝါးခြမ်းကာကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများ ၏ လယ်ယာမြေများအတွက် စိုက်ပျိုးရေများ ကုန်ကျစရိတ်သက်သာစွာရရှိနိုင်ရန် ရည်ရွယ်၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများကို မတ်လ ၂၅ရက်နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် နှင့်တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက စိုက်ပျိုးရေရရှိရေးအတွက် ၅ဒသမ၄ကီလိုဝပ် ဆိုလာရေတင်စနစ်တည် ဆောက်ခြင်း နှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်း စပ်ညှိုနှိုင်းပေးခဲ့ကြောင်း သိရသည်။ဝါးခြမ်းကာ ကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးနှင့် ဆက်စပ်လုပ် ငန်းများကိုယခုဘဏ္ဍာနှစ် ပြည်ထောင် စုခွင့်ပြုရန်ပုံငွေကျပ် ၁၆ဒဿမ ၂၅၄သန်းဖြင့် တင်ဒါအောင်မြင်သည့် AGTကုမ္ပဏီ က ဇန်နဝါရီလ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူများ၏ လယ်ယာမြေဧကများအတွက်စိုက်ပျိုးရေများကုန်ကျစရိတ်သက်သာစွာ ရရှိမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် ထံမှ သိရသည်။
နွဲ့ယဥ်