သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မတ် ၂၁ရက်က မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိ သူများ ပလူကန်ကျေးရွာအုပ်စု ပလူကန်ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။