(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ်မြေသားလမ်းသစ် ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာတွင် ကျင်းပခဲ့ပါသည်။ ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည် မှ ကျေးရွာကုန်ထုတ် မြေသားလမ်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂) ဦးအေးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၃) ဦးခင်ဆွေနှင့် ညွန့်ပေါင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးကျော့တို့မှ ကုန်ထုတ်မြေသားလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကုန်ထုတ်မြေသားလမ်း သစ်အား တာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများက လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အဆိုပါ ကုန်ထုတ်မြေသားလမ်းသည် အရှည်(၁/၄)မိုင် ၊ အကျယ် ၁၈ပေ၊ ဒု(၂)ပေရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၇၀ ဒဿမ ၅၆၃ သန်းဖြင့်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ပါသည်။