(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြသောအားဖြင့် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရုံးသပြေကန်ကျေးရွာ ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီတွင် အဆိုပါ ဂဝံလမ်းထိပ်မုခ်ဦး၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်က ဂဝံလမ်းသစ်ဖောက်လုပ်ဆောင်ရွက်ခဲ့မှုနှင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ရှင်းလင်း တင်ပြသည်၊ ထို့နောက်၊ကျေးရွာပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်မင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် မင်္ဂလာအချိန်တွင် ရုံးသပြေကန်ကျေးရွာကုန်ထုတ်ဂဝံလမ်းသစ်အား ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်း၊သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးဝင်းမိုးနိုင်၊ အဖွဲ့ဝင် (၂)ဦးအောင်မြင့်၊သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးတင့် နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်မင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်၊ ထို့နောက် လမ်းသစ်အားဖြတ်သန်းကြည့်ရှူ၍ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါ ကျေးရွာကုန်ထုတ်ဂဝံလမ်းသစ်အား ဟန်သီရိဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ကာလမ်းအရှည် ပေ (၁/၃.၂၁) မိုင်၊ အကျယ် (၁၂)ပေ၊ ထု (၉) လက်မရှိပြီး ယင်းဂဝံလမ်းသစ်ဖောက်လုပ်ဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးရွာပြည်သူ များ၏ ပညာရေး၊ကျန်းမာရေးနှင့် ဒေသထွက်ကုန်များအချိန်တိုအတွင်း တင်ပို့ရောင်းချ နိုင်မည်ဖြစ်ကြောင်းသိရသည်။