ဖားကန့်မြို့နယ်ဘော်ဆာဒီးကျေးရွာ၌ စတုတ္ထအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး (၉.၃.၂၀၂၄)ရက်နေ့ထုတ်ရတနာပုံသတင်းစာနှင့် (၉.၃.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ
ဖားကန့်၊ မတ် ၇
ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဘော်ဆာဒီးကျေးရွာ၌ စတုတ္ထအ ကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးခြင်းကို မတ်လ ၇ ရက် နံနက်ပိုင်းကအဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးဝေထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့် အကျိူးကျေးဇူးများ ၊ စီမံကိန်း အကြောင်းအရာများ ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများကအတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊မြစိမ်း ရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးရာတွင်လိုက်နာရမည့်စည်းကမ်းချက်များကိုရှင်းလင်း ပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၇၂ သိန်း လွှဲပြောင်းပေးအပ်သည်။
ထို့နောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဘော်ဆာဒီးကျေးရွာရှိ စိုက်ပျိုး ရေး ၊မွေးမြူရေး၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်းအသင်းသား၊အသင်းသူ ၅၅ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၃၇၂သိန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
(၉.၃.၂၀၂၄)ရက်နေ့ထုတ်ရတနာပုံသတင်းစာ စာမျက်နှာ(၅) ကော်လံ(၁/၂/၃/၄)တွင် လည်း ကောင်း(၉.၃.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ စာမျက်နှာ(၈) ကော်လံ(၅/၆)တွင် လည်း ကောင်း ပါရှိသည်။