Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးသည့် သတင်း

08 March 24

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်၊ညွှန်ကြားရေးမှူးချုပ်များ၊တာဝန်ရှိသူများနှင့်အတူ သန်လျင်ခရိုင် သန်လျင် မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ် ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာပြည်ထောင်စုဝန်ကြီးကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း (RBF)စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော မျိုးဝက်မနှင့်အသားတိုးဝက်မွေးမြူရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးတောင်သူဦးကျော်မင်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။ထို့နောက် ယာယီရှင်းလင်းဆောင်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပရာ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းက ကရင်ဆိပ်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။ထို့နောက်ပြည်ထောင်စုဝန်ကြီးကကျေးရွာပြည်သူများအား လူမှုစီးပွားဘဝများ မြင့်မားတိုးတက်အောင် ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိမှု၊ပြည်သူများက ကြိုးပမ်းဆောင်ရွက် ရန် လိုအပ်ပုံများကို လမ်းညွှန်မှာကြားသည်။

          ယင်းနောက် ကျေးရွာအတွက် လိုအပ်ချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးလက် ပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး သည်။ယင်းနောက် ကရင်ဆိပ်ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ စာကြည့်တိုက် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။