Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကွမ်းခြံကုန်းမြို့နယ် သပြုစမ်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ပြန်လည်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းကွင်းဆင်းစစ်ဆေး

08 March 24

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် သပြုစမ်းကျေးရွာအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သပြုစမ်းလုပ်ငန်းအဖွဲ့ပြန်လည်ဖွဲ့စည်းခြင်း၊ စာရင်းဇယားများမှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် လည်ပတ် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန် ရှိသူများမတ်လ(၅)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးဒေါ်စုသီတာလင်းက မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ ကော်မတီပြန်လည် ဖွဲ့စည်းပေးခြင်းအား ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ယင်းနောက် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထဲမှ စာရင်းဇယားများ၊ဖြည့်သွင်းမှုပုံစံများ မှန်မမှန်စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းဖြင့် လည်ပတ်ဆောင်ရွက်နေသော စိုက်ပျိုးရေး၊မွေးမြူရေး၊ သက်မွေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။