မိုးညှင်းခရိုင်အတွင်းရှိ ခေတ်မီစံပြကျေးရွာ(Smart Village)များ၌အိမ်ထောင်စုအဆင့် လူမှုစီးပွားအခြေ အနေ များစစ်တမ်းကောက်ယူ
(၁.၃.၂၀၂၄)ရက်နေမြဝတီသတင်းစာ၊(၁.၃.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ
မိုးညှင်း၊ဖေဖော်ဝါရီ ၂၈
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုးညှင်းခရိုင်အတွင်းရှိ ခေတ်မီစံပြကျေးရွာ (Smart Village) အဖြစ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မိုးညှင်းမြို့ နယ်ဟဲလုံကျေးရွာ နှင့် မိုးကောင်းမြို့နယ် နန့်လှိုင်ကျေးရွာတို့၌ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အိမ်ထောင်စု အဆင့်လူမှုစီးပွားအခြေအနေများ စစ်တမ်းကောက်ယူခြင်းကိုဆောင်ရွက်သည်။
ထိုသို့စစ်တမ်းကောက်ယူရာတွင်မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဦးထွန်းထွန်းဝင်းက ကျေးရွာရှိအိမ်ထောင်စုများနှင့်တွေ့ဆုံရာတွင် ခေတ်မီစံပြကျေးရွာ (Smart Village)များ၌ ဆင်းရဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို တိုင်းတာရန်အတွက် Base – Line Survey အနေဖြင့် အိမ်ထောင်စုအဆင့် လူမှုစီးပွားအခြေအနေတိုင်းတာခြင်း စစ်တမ်းကို ကျေးရွာရှိ အိမ်ထောင်စုအားလုံး အား ကောက်ယူမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ခရိုင် နှင့် မြို့နယ်ရုံးဝန်ထမ်းများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ လူမှုစီးပွားအခြေအနေစစ်တမ်းကိုပူးပေါင်းကောက်ယူခဲ့ကြသည်။
အဆိုပါစစ်တမ်းကောက်ယူခြင်းကို မိုးညှင်းမြို့နယ် ဟဲလုံကျေးရွာမှ အိမ်ထောင်စု ၄၄၆ စု နှင့် မိုးကောင်း မြို့နယ် နန့်လှိုင်ကျေးရွာမှအိမ်ထောင်စု ၈၈ စုတို့အားဖေဖော်ဝါရီလ တတိယပတ်မှစတင်ကောက်ယူ လျက် ရှိရာ မတ်လစတုတ္ထပတ်တွင် အချက်အလက်များပြည့်စုံစွာဖြည့်သွင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
(၁.၃.၂၀၂၄)ရက်နေမြဝတီသတင်းစာ၊စာမျက်နှာ(၂၅)ကော်လံ(၃/၄/၅/၆)တွင်လည်းကောင်း၊(၁.၃.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ၊စာမျက်နှာ(၈)ကော်လံ(၁/၂/၃)တွင်လည်းကောင်းပါရှိသည်။