မိုးညှင်းမြို့နယ်ဟဲလုံခေတ်မီစံပြကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ မြို့နယ်မှူးမှကွင်းဆင်း စစ်ဆေး (၈.၂.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြား
မိုးညှင်း၊ဖေဖော်ဝါရီ ၇
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ဟဲလုံခေတ်မီစံပြကျေးရွာမှာကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှယခုဘဏ္ဍာရေးနှစ်မှာမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ များကိုဖေဖော်ဝါရီ ၇ ရက်နံနက်ပိုင်းကတာဝန်ရှိသူများကကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့်ဝန်ထမ်းများကကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူကွင်းဆင်းကြရာ ကျေးရွာသူ/သားများက အရင်းမပျောက်မတည်ရန်ပုံငွေများဖြင့်ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများကို လိုက်လံပြသရှင်းလင်းကြပြီးတာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေ များနှင့်ပတ် သက်ပြီးစီမံကိန်းချေးငွေရယူထားသည့်လုပ်ငန်းများကိုသတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများအ တိုင်းအမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ရရှိထားသည့်အရင်းမပျောက်မတည် ရန်ပုံငွေနှင့် အတိုးရငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် မြို့နယ်ကျေးလက်ဦးစီးဌာနမှ အနီးကပ် ကြီးကြပ်ပေးမှုအပေါ်စီမံကိန်းလုပ်ငန်းအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များကလည်းထပ်မံကြီးကြပ်ဆောင်ရွက်ကြ ရန်နှင့် ငွေကြေးလည်ပတ်ထိန်းသိမ်းမှု မှတ်တမ်းလယ်ဂျာစာအုပ်များအား စနစ်တကျရေးသွင်းထားရှိရန် ပြောကြားခဲ့သည်။
ဟဲလုံခေတ်မီစံပြကျေးရွာမှာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကို၂၀၁၆−၂၀၁၇ လဏ္ဍာရေးနှစ်မှ စတင်ပြီးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာယခုဘဏ္ဍာနှစ်အထိ စီမံကိန်းလုပ်ငန်း(၇) နှစ်တာကာလ အတွင်း အရင်းမပျောက်မထည်ရန်ပုံငွေကျပ်သိန်း ၃၀၀ နှင့်အတိုးရငွေကျပ် ၄၃၆ သိန်း စုစုပေါင်းငွေကျပ် ၇၃၆ သိန်းဖြင့်အောင်မြင်စွာလည်ပတ်လျက်ရှိကြောင်း၊ယခုဘဏ္ဍာရေးနှစ်မှာ စိုက်ပျိုးရေး(၅၂)ဦး၊ မွေးမြူ ရေး(၄၄)ဦးနှင့် အရောင်းအဝယ်(၃)ဦးစုစုပေါင်း(၉၉)ဦးအတွက် ငွေကျပ် ၅၂၂ သိန်းထုတ်ချေးဆောင်ရွက် ထားရှိပြီး မြစိမ်းရောင်အတိုးရငွေကျပ် သိန်း၂၀၀ ကို ကျေးရွာဘက်စုံသုံးခန်းမဆောင် အလျားပေ ၆၀ ၊ အနံပေ ၃၀ နှင့် အမြင့် ၁၂ ပေရှိ အုတ်နံကပ် တစ်ထပ်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)မှရန်ပုံငွေကျပ်သိန်း ၁၅၀ နှင့်အတူပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
(၈.၂.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြားနေ့လည်(၁၂:၀၀)သတင်းတွင်ပါရှိသည်။