ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မဟာမိုးယံ ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော အနောက်ကျွဲလမ်းကျေးရွာကုန်ထုတ်လမ်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေအား (၀၆.၀၃.၂၀၂၄) ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးဝင်း၊ မြို့နယ်လမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနတာဝန်ခံအရာရှိ ဒေါ်ဆုသီရိမွန်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝါဝါမြတ်မွန်တို့မှ ကွင်းဆင်းကြီးကြပ်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။