မိုးကောင်းမြို့နယ်၊အုတ်ကျင်းကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး (၅.၃.၂၀၂၄)ရက်နေ့ထုတ် ရတနာပုံသတင်းစာ
မိုးကောင်း ၊မတ် ၄
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက အုတ်ကျင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုကို မတ် ၃ ရက် နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်မေဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက အုတ်ကျင်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေး၊အရောင်းအဝယ် စသည့်တစ်နိုင်တစ်ပိုင် ဝင်ငွေတိုးလုပ်ငန်းများ အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်မှု၊ငွေစာရင်းပုံစံများ စနစ်တကျရေးသွင်းထားမှု၊စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှူစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အုတ်ကျင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကို ၂၀၁၄−၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာယခုနဝမအကြိမ်မြောက်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၄ ဦး၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၉ ဦး၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၆ ဦး၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၃ ဦး၊ရေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး စုစုပေါင်း အသင်းသူ/အသင်းသား ၉၃ ဦးတို့က ရန်ပုံငွေကျပ် သိန်း၅၃၀ဖြင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း
မြို့နယ်ဦးစီးမှူးဒေါ်ခင်မေဝင်းက ပြောပြ၍သိရသည်။
(၅.၃.၂၀၂၄)ရက်နေ့ထုတ်ရတနာပုံသတင်းစာစာမျက်နှာ(၂၇)၊ကော်လံ(၁/၂/၃/၄)တွင်ပါရှိသည်။