မိုးကောင်းမြို့နယ်နန့်လှိုင်ကျေးရွာတွင်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံ ကိန်း(RBF)လုပ်ငန်းများစစ်ဆေး(၄.၃.၂၀၂၄)ရက်နေ့ရတနာပုံသတင်းစာ၊(၄.၃.၂၀၂၄) ရက်နေ့ထုတ် မြို့တော်သတင်းစာ
မိုးကောင်း၊ မတ် ၂
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကျေး လက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF) ဖြင့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို မတ် ၂ ရက်နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူးဦးထွန်းထွန်းဝင်း၊မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း နှင့် ဝန်ထမ်းများကကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်အတူ (RBF)စီမံကိန်းရန်ပုံငွေဖြင့် နန့်လှိုင်ကျေးရွာရှိ အားမာန်အောင် နှင့် စိန်ရတနာလှိုင်မေွးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ငွေစာရင်းပုံစံများစနစ်တကျဖြည့်သွင်းထားမှုရှိ/မရှိ နှင့် စီမံကိန်းလက်စွဲစာစောင်ပါညွှန်ကြားချက်များအတိုင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
နန့်လှိုင်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)ကို ၂၀၂၂-၂၀၂၃ခုဘဏ္ဍာနှစ် မှစတင်၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့နှစ်ဖွဲ့ နှင့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့်အဖွဲ့နှစ်ဖွဲ့နှစ်ဖွဲ့ဖွဲ့စည်း၍ စုစုပေါင်းအဖွဲ့လေးဖွဲ့သို့ စီမံကိန်းမတည်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ကိုထုတ်ချေးပေးထားပြီး စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ (၄.၃.၂၀၂၄)ရက်နေရတနာပုံသတင်းစာစာမျက်နှာ(၂၇)ကော်လံ(၅/၆)တွင်လည်းကောင်း၊(၄.၃.၂၀၂၄)ရက်နေ့ထုတ်မြို့တော်သတင်းစာ၊စာမျက်နှာ(၈)ကော်လံ(၃/၄)တွင်လည်းကောင်းပါရှိသည်။